top of page
Search

ထိုင်းနိုင်ငံတွင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် သိကောင်းစရာများ

Updated: May 20, 2024



ထိုင်းနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး စဉ်ဆက်မပြတ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခိုင်မာသော ပို့ကုန်ကဏ္ဍတည်ရှိမှုနှင့်ကျယ်ပြန့်သော စားသုံးသူစျေးကွက်တို့ကြောင့် အရှေ့တောင်အာရှတွင် အလားအလာအရှိဆုံး စီးပွားရေးနယ်ပယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တရားဝင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသော နိုင်ငံခြားသားများအတွက် အကြီးမားဆုံးသော စီးပွားရေးအခွင့်အလမ်းများဖြင့် ထိုင်းနိုင်ငံမှ ဆွဲဆောင်လျက် ရှိပါသည်။ ထိုင်းနိုင်ငံတွင် တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဆောင်ရွက်နိုင်ရန်အလို့ငှာ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်လိုပါက ထိုင်းနိုင်ငံဥပဒေအရ တရားဝင် လိုအပ်ချက်များကို ကောင်းစွာ သိရှိပြီး နားလည်သဘောပေါက်ရန် လွန်စွာအရေးကြီးပါသည်။

ထိုင်းနိုင်ငံတွင် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ရန်အတွက် အခြေခံလိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) အစုရှယ်ယာရှင် အရေအတွက်

ထိုင်းနိုင်ငံတွင် ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်မည်ဆိုပါက ကမကထပြုသူ (လူပုဂ္ဂိုလ်) အနည်းဆုံး နှစ်ဦးရှိရန် လိုအပ်ပါသည်။ ကမကထပြုသူများအနေဖြင့် ကုမ္ပဏီ  ဖွဲ့စည်းတည်ထောင်ပြီးပါက အစုရှယ်ယာရှင်များ (လူပုဂ္ဂိုလ် သို့မဟုတ် ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်း) ထံသို့ ကုမ္ပဏီလွှဲပြောင်းပေးရပါမည်။ အစုရှယ်ယာရှင်များသည်လည်း အနည်းဆုံး နှစ်ဦးရှိရန် လိုအပ်ပြီး အစဉ်ပြည့်မီရန် လိုအပ်ပါသည်။

(၂) ဒါရိုက်တာ အရေအတွက်

ကုမ္ပဏီအား ကိုယ်စားပြုပြီး  လုပ်ငန်းဆောင်တာများကို ကြီးကြပ်ကွပ်ကဲရန် အစုရှယ်ယာရှင်များသည် ကုမ္ပဏီတွင် အနည်းဆုံး ဒါရိုက်တာတစ်ဦးကို ခန့်အပ်ထားရှိရမည်။ လိုအပ်ပါက တစ်ဦးထက်ပိုသော ဒါရိုက်တာများလည်း ခန့်အပ်နိုင်ပါသည်။ ဒါရိုက်တာများသည် ထိုင်းနိုင်ငံအတွင်းလာရောက်နေထိုင်ရန် ဥပဒေအရမလိုအပ်ပါ။

(၃) မှတ်ပုံတင်ထားသောရုံးခန်း

ထိုင်းနိုင်ငံတွင် ကုမ္ပဏီတစ်ခုတည်ထောင်မည်ဆိုပါက လူကြီးမင်းတို့ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံအတွင်း မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်းတစ်ခုရှိရန် လိုအပ်ပါသည်။ ကုမ္ပဏီ၏ရုံးခန်းကို မှတ်ပုံတင်ရန် အလို့ငှာ ရုံးခန်းနေရာ ငှားရမ်းအသုံးပြုမည်ဆိုပါက အခန်းမှတ်ပုံတင်နံပါတ်လက်မှတ် မိတ္တူတစ်စောင်နှင့် အခန်းပိုင်ရှင်ထံမှ သဘောတူခွင့်ပြုစာတစ်စောင်ကို ရယူထားရန် လိုအပ်ပါသည်။

(၄) အနည်းဆုံး မတည်ငွေရင်း

ထိုင်းနိုင်ငံသားအများစုပိုင် ကုမ္ပဏီတစ်ခုအတွက် အနည်းဆုံး ထည့်ဝင်ရမည့် မတည်ငွေရင်း ပမာဏ (minimum paid-up capital requirement) မှာ ထိုင်းဘတ် တစ်ဆယ်ဘတ် (၁၀ ဘတ်) ဖြစ်ပါသည်။ နိုင်ငံခြားသားအများစုပိုင်ကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားပိုင်လုပ်ငန်းများအက်ဥပဒေအရ စီးပွားရေးလုပ်ဆောင်ရန် ကန့်သတ်မထားသည့် ကဏ္ဍများတွင် အနည်းဆုံး မတည် ငွေရင်း ထိုင်းဘတ်နှစ်သန်း (၂,၀၀၀,၀၀၀ ဘတ်) ထည့်ဝင်ရန် လိုအပ်ပြီး ကန့်သတ်ထားသော ကဏ္ဍများတွင်မူ အနည်းဆုံး မတည်ငွေရင်း ထိုင်းဘတ်သုံးသန်း (၃,၀၀၀,၀၀၀ ဘတ်) ထည့်ဝင်ရန် လိုအပ်ပါသည်။   

ကုမ္ပဏီ၏မတည်ငွေရင်းကို အစုရှယ်ယာများအဖြစ် ပိုင်းခြားထုတ်ဝေရမည်ဖြစ်ပြီး ၎င်းထုတ်ဝေထားသည့် အစုရှယ်ယာစုစုပေါင်း၏ ၂၅%ကို အနည်းဆုံး ပေးချေပြီးဖြစ်ရမည့် ပမာဏ (minimum paid-up amount) အဖြစ် သတ်မှတ်ထားပါသည်။ အဆိုပါ ပမာဏအား  လုပ်ငန်းလည်ပတ်ရန် မတည်ငွေရင်းအဖြစ် အသုံးပြု  နိုင်မည်ဖြစ်ပါသည်။

နိဂုံးချုပ်ရလျှင် ထိုင်းနိုင်ငံတွင် ကုမ္ပဏီတစ်ခု တည်ထောင်ရန်အတွက် အစုရှယ်ယာရှင်များ၊ ဒါရိုက်တာများ၊ နိုင်ငံသား ရင်းနှီးထည့်ဝင်မှု  လိုအပ်ချက်များနှင့် မတည်ငွေရင်း အစရှိသည့် အခြေခံအချက်အလက်များ ကိုက်ညီပြည့်စုံရမည်ဖြစ်သည်။ ထိုင်းနိုင်ငံဈေးကွက်အတွင်း အောင်မြင်သော စီးပွားရေး လုပ်ငန်းတစ်ခုကို တရားဝင် ဖွဲ့စည်းတည်ထောင်လုပ်ကိုင်နိုင်ရန် သေချာစေရေးအတွက် ထိုင်းနိုင်ငံ၏ ကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်ရန် လွန်စွာ အရေးကြီး ပါသည်။  ထိုင်းနိုင်ငံတွင် ကုမ္ပဏီတည်ထောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက ကျွန်ုပ်တို့၏ ထိုင်းနိုင်ငံရုံးခွဲကိုလည်းကောင်း၊ မြန်မာနိုင်ငံရုံးခွဲကိုလည်းကောင်း ဆက်သွယ်နိုင်ပါသည်။

 
 
 

Recent Posts

See All
【印度尼西亚】在印尼成立有限责任公司投资者的主要法律要求和注意事项

概述 由于其庞大的消费市场、战略位置和旨在改善营商便利的监管改革,印度尼西亚继续吸引外国投n资。本通讯概述了在印度尼西亚设立公司的流程,特别是适用于有限责任公司(Perseran Terbatas)的要求。 印尼商业实体类型概览 1. 有限责任公司(Perseran Terbatas或PT) PT公司是在印尼开展商业活动的主要法律实体,也是唯一允许外国投资的结构。PT分为以 下两种: ●

 
 
 
【印尼】在印尼成立有限責任公司投資者的主要法律要求和注意事項

概述 由於其龐大的消費市場、戰略位置和旨在改善營商便利的監管改革,印尼繼續吸引外國投資。 本 通訊概述了在印尼設立公司的流程,特別是適用於有限責任公司(Perseran Terbatas)的要求。 印尼商業實體類型概覽 1. 有限責任公司(Perseran Terbatas或PT) PT公司是在印尼開展商務工作的主要法律實體,也是唯一允許外國投資的結構。 PT分為 以下兩種: ● 當地P

 
 
 

Comments


©2022 by TWL LAW GROUP.

bottom of page